UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

မဟာတန်း(ဒုတိယနှစ်ဝက်)နှင့် စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား/သူများအား နှုတ်ဆက်ပွဲ အခမ်းအနားကျင်းပ

Administration
18-March-2026

မဟာတန်း(ဒုတိယနှစ်ဝက်)နှင့် စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား/သူများအား နှုတ်ဆက်ပွဲ အခမ်းအနားကျင်းပ


12 Mar,2026

 

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၉.၃.၂၀၂၆)ရက်နေ့ နံနက်ပိုင်း (၉း၀၀) နာရီအချိန်၌ မဟာတန်း(ဒုတိယနှစ်ဝက်)နှင့် စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား/သူများအား နှုတ်ဆက်ပွဲ အခမ်းအနားကို တက္ကသိုလ်ရှိ T2 စာသင်ဆောင်ရှေ့၌  ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ သင်တန်းရေးရာဌာနနှင့် သုတေသနနှင့် ဖွံ့ဖြိုးမှုဌာနမှ ဌာနမှူးများ၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ  တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် မတ်လ (၁၆)ရက်နေ့၌ သင်တန်းနှစ်အလိုက် စာမေးပွဲများ စတင်ကျင်းပတော့မည်ဖြစ်ကြောင်း၊ စာမေးပွဲ စစ်ဆေးပြီးချိန်တွင် မဟာတန်း(ဒုတိယနှစ်ဝက်) နှင့် စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား/ သူများအနေဖြင့် တက္ကသိုလ်ကြီးကို နှုတ်ဆက်ခွဲခွာသွားတော့မည်ဖြစ်ကြောင်း၊ နှုတ်ဆက်ခွဲခွာသွားတော့ မည့် ကျောင်းသား/သူများအနေဖြင့် တက္ကသိုလ်မှ သင်ကြားပို့ချပေးလိုက်သည့် ပညာရပ်များကို လက်တွေ့ လုပ်ငန်းခွင်တွင် အသုံးချ၍ လုပ်ငန်းခွင်မှ Knowledge, Experience နှင့် Skill များ ပေါင်းစပ် ပြီး လုပ်ငန်းခွင်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းခွင်ဖွံ့ဖြိုးတိုးတက်မှုမှ တဆင့် နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ တက္ကသိုလ်၏ဂုဏ်ကို ဆောင်နိုင်ပြီး နိုင်ငံတော်က အားထားရသည့် ထူးချွန်ထက်မြက်သော လူတော် လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား/သူများအနေဖြင့် ယခုကျင်းပမည့် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါက မဟာဘွဲ့ သင်တန်းများ ကို ဆက်လက်ပညာသင်ယူနိုင်ပါကြောင်း၊ မဟာတန်း(ဒုတိယနှစ်ဝက်) ကျောင်းသား/သူများအနေဖြင့် လည်း စာမေးပွဲအောင်မြင်ပါက တက္ကသိုလ်တွင် နည်းပြများအဖြစ်‌ လျှောက်ထား၍ နည်းပြရာထူးရရှိပါက မိမိတို့ တက္ကသိုလ်အတွင်းမှာပင် ပါရဂူဘွဲ့သင်တန်းများကို တက်ရောက်၍ ပညာဆက်လက်ဆည်းပူးနိုင်ပါကြောင်း၊ ဘွဲ့ရရှိကြမည့် ကျောင်းသား/သူများအားလုံးသည် တက္ကသိုလ်မှ ဖွင့်လှစ်လျက်ရှိသည့်  Online မဟာဘွဲ့သင်တန်းများကို လျှောက်ထား၍ ပညာဆက်လက်ဆည်းပူးနိုင်ပါကြောင်း ပြောကြားခဲ့သည်။ 

နိဂုံးချုပ်စကားအနေဖြင့် ကျောင်းသား/သူများအားလုံးသည် ယခု မတ်လ (၁၆)ရက်နေ့တွင် ကျင်းပမည့် စာမေးပွဲကြီးကို အခက်အခဲမရှိ ထူးချွန်အောင်မြင်စွာ ဖြေဆိုနိုင်ကြပါစေကြောင်း နှင့် မိမိတို့ တက္ကသိုလ်၏ ဂုဏ်ကို ဆောင်နိုင်ပြီး နိုင်ငံတော်က အားထားရသည့် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်ကြပါစေဟု ဆုတောင်းစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစီအစဉ်အရ တက်ရောက်လာကြသော ဧည့်သည်တော်များအား မေဂျာ(၅)ဌာနမှ ကျောင်းသား/သူများနှင့် ပထမနှစ်‌ကျောင်းသား/သူများအားလုံးမှ  စုပေါင်း၍ “မန်းတောင်ရိပ်ခို” သီချင်း ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကာ အခမ်းအနားကို နေ့လယ် (၁၂း၀၀)နာရီတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

 


No. First Image Title Uploaded Date Type
1 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ တက္ကသိုလ်အတွင်းဆောင်များသို့ Hall Vist သွားရောက်အားပေးခြင်း 3/18/2026 3:52:18 AM News
2 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဘွဲကြိုသင်တန်းများနှင့် ဘွဲလွန်သင်တန်းများ၏ စာမေးပွဲများ စစ်ဆေးခြင်း 3/18/2026 2:21:01 AM News
3 မဟာတန်း(ဒုတိယနှစ်ဝက်)နှင့် စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား/သူများအား နှုတ်ဆက်ပွဲ အခမ်းအနားကျင်းပ 3/18/2026 2:17:52 AM News
4 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူ့စွမ်းအားအရင်းအမြစ်သင်တန်း (HRD Programme)၊ Diploma in Human Resource Management (Dip.HRM)(Online) 4th Batch အာစရိယပူဇော်ပွဲ ကျင်းပ 3/12/2026 3:50:02 AM News
5 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၄) နှစ် မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ 2/25/2026 2:35:03 AM News
6 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ တက္ကသိုလ်တည်ထောင်သည့်(၁၄)နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပ 2/25/2026 2:33:30 AM News
7 တိလောကမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား၏ (၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပူဇော်ပွဲ နှင့် (၁၄)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲ အခမ်းအနားကျင်းပ 2/5/2026 1:30:05 AM News
8 လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ - Youth Peace Forum 2026 သို့တက်ရောက်ခဲ့သည့် အတွေ့အကြုံများအား ပြန်လည်ရှင်းလင်းခြင်း 2/5/2026 1:28:16 AM News
9 2026 Youth Peace Forum သို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မှ ကိုယ်စားပြု ကျောင်းသား၊ကျောင်းသူ (၂)ဦး တက်ရောက် 2/5/2026 1:26:32 AM News
10 Intellectual Talk အစီအစဉ်အဖြစ် Data Analysis ဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ 2/5/2026 1:25:03 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing