UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၌ ဂျီအီးစီ(ပညာရေး)ဝန်ထမ်းများ သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

Administration
29-June-2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၌ ဂျီအီးစီ(ပညာရေး)ဝန်ထမ်းများ သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ


26 Jun,2026

 

စစ်ကိုင်း၊ ဇွန် ၂၄

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၌ ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်း ဥပဒေအရ ဖွဲ့စည်းထားသည့် ဂျီအီးစီ(ပညာရေး)ဝန်ထမ်းများ သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို (၂၅-၆-၂၀၂၆)ရက်နေ့တွင် အဆိုပါတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ အသင်းသား (၂၃၀)ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးအစီအစဉ်များအရ ပထမဦးစွာ ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အသင်းနှစ်ခု၏ အမှုဆောင်အဖွဲ့ လုပ်ငန်းအစီရင်ခံစာများ၊ နှစ်ချုပ် ဘဏ္ဍာရေးရှင်းတမ်းများနှင့် မြို့နယ်သမဝါယမဦးစီးဌာန စာရင်းစစ်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များကို ဖတ်ကြားတင်ပြပြီး အတည်ပြုချက်ရယူခဲ့သည်။

ထို့နောက် ဒုတိယပိုင်းအစီအစဉ်အနေဖြင့် ငွေစုငွေချေး သမဝါယမအသင်းအတွက် ဥက္ကဌ၊ အမှုဆောင်ဒါရိုက်တာအဖွဲ့အသစ်များကို ရွေးချယ်တင်မြှောက်ခဲ့ပြီး ရွေးချယ်တင်မြှောက်ခံရသည့် အသင်းဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်အသစ်(၁၂)ဦးတို့က သဘာပတိ ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ကြပါသည်။ တတိယပိုင်းအစီအစဉ်တွင် ငွေစုငွေချေးအသင်းဥက္ကဋ္ဌက မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး အမှုဆောင်တစ်ဦးမှ အသင်း၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ကာ အသင်းအဖွဲ့ဝင်များ အားလုံးမှ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

 


No. First Image Title Uploaded Date Type
1 ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများ(မူ/လယ်/ထက်) ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာထောက်ပံ့ခြင်း အခမ်းအနားကျင်းပ 6/29/2026 4:04:31 AM News
2 MPA၊ MAR နှင့် MBA (4th Batch) သင်တန်းများ၏ Orientation Ceremony ကျင်းပခြင်း 6/29/2026 4:02:58 AM News
3 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၌ ဂျီအီးစီ(ပညာရေး)ဝန်ထမ်းများ သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ 6/29/2026 4:00:32 AM News
4 (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ ကျင်းပ 5/31/2026 9:16:47 PM News
5 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ကျောင်းဖွင့်မည့်ရက် ၊ ကျောင်းအပ်လက်ခံမည့်ရက် ကြေညာချက် 5/20/2026 11:22:33 PM News
6 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မဟာတန်းကျောင်းသား/ကျောင်းသူများ၏ Master Thesis Viva Defense စစ်ဆေးခြင်း 5/10/2026 9:53:51 PM News
7 Diploma in Human Resource Management (4th Batch) online သင်တန်း၊ ကျောင်းသား/ကျောင်းသူများအား Project Paper Viva Defense စစ်ဆေးခြင်း 5/10/2026 9:50:45 PM News
8 အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့် Public Feedback Programme အစီအစဉ်ကြေညာခြင်း 5/7/2026 9:56:28 PM News
9 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ တက္ကသိုလ်အတွင်းဆောင်များသို့ Hall Vist သွားရောက်အားပေးခြင်း 3/18/2026 3:52:18 AM News
10 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဘွဲကြိုသင်တန်းများနှင့် ဘွဲလွန်သင်တန်းများ၏ စာမေးပွဲများ စစ်ဆေးခြင်း 3/18/2026 2:21:01 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing