|
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ(အထူးပြု)ကျောင်းသား/ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ
ဇူလိုင် ၂၂ ၊၂၀၂၆ခုနှစ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သမဝါယမပညာဌာန၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ(အထူးပြု) အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို (၂၂-၇-၂၀၂၆)ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ အုပ်ချုပ်ရေးဌာနများဖြစ်သော စီမံခန့်ခွဲရေးဌာန၊ သင်တန်းရေးရာဌာန၊ သုတေသနနှင့်ဖွံဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သင်ကြားရေးဌာန(၁၁) ဌာနမှ ပါမောက္ခ (ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ မော်ကွန်းထိန်းများ၊ ဆရာ၊ ဆရာမများနှင့် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ(အထူးပြု) မေဂျာမှ ကျောင်းသား၊ ကျောင်းသူများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ ကျောင်းသား/ကျောင်းသူများက မြတ်ဆရာသီချင်းဖြင့် သီဆိုပူဇော်ကာ ဆရာ/ ဆရာမကြီးများအား ဂါရဝပြုလက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် ပါမောက္ခချုပ် ဆရာမကြီးမှ အမှာစကားပြောကြားရာတွင် “လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ အထူးပြု ဘာသာရပ်သည် လူမှုအကျိုးပြု၊ မိမိတို့၏အဖွဲ့အစည်း သာယာဝပြောရန်အတွက် အထောက်အပံ့ ပေးနိုင်သော ဘာသာရပ်ဖြစ်သည့်အပြင် စီးပွားရေးလုပ်ငန်းများပြုလုပ်ခြင်းဖြင့် ရရှိလာသော အကျိုးအမြတ်များကို လူမှုအကျိုးပြုလုပ်ငန်းများ (Social work)၊ ပရဟိတလုပ်ငန်းများတွင် ပြန်လည်အသုံးပြုနိုင်သည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များဖြစ်လာအောင် မွေးထုတ်ပေးမည့် ဘာသာရပ်ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ Career Life တွင် ကြိုးစားလေ့လာသင်ယူထားသည့် ဘာသာရပ်ကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချ သွားစေလိုပါကြောင်း၊ 21st Century Skill များဖြစ်သည့် Critical thinking Skills, Cooperation Skills, Communication Skills, Creativity Skills, Coordination Skills, Problem Solving Skills များ ကောင်းမွန်အောင် ကြိုးစားသွားကြပါ၊ နိုင်ငံတော်က Outcome Base Education ရအောင်သင်ကြားပေးရန် အားပေးသည့်အတွက် မိမိဘာသာရပ်များကို သေချာနားလည်အောင် လေ့လာကြပါ၊ MSME (Micro, Small and Medium) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် သားတို့သမီးတို့အနေဖြင့် တနိုင်တပိုင်လုပ်ငန်း၊ ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်အောင် ကြိုးစားသွားကြပါ၊ ပထမဘွဲ့ရရှိသွားပြီးနောက် Master of Social Enterprise Management (MSEM) ဘွဲ့ရသူများအဖြစ်ရောက်အောင် ကြိုးစားကြပါ၊ ထို့အပြင် ဆရာမကြီးတို့ တက္ကသိုလ်က လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် ဖွင့်လှစ်ပို့ချပေးလျက်ရှိတဲ့ မဟာဘွဲ့နဲ့ ဒီပလိုမာဘွဲ့ သင်တန်းများမှာ တက်ရောက်နိုင်အောင် ကြိုးစားကြပြီး ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့် အလမ်းများရရှိအောင် ကြိုးစားသွားကြပါ၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်အောင် ကြိုးစားသွားကြပြီး မိမိမေဂျာ၊ မိမိတက္ကသိုလ်၊ မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံအတွက် အားကိုး အားထားရသည့် သူများဖြစ်အောင် ကြိုးစားသွားကြပါရန် မှာကြားလိုပါကြောင်း၊ မိမိတက္ကသိုလ် ကြီးမှာ ဂုဏ်ယူဝင့်ကြွားစွာ တက်ရောက်သင်ယူရင်း မိဘဆရာများကို လေးစားကြည်ညိုပြီး အားထားအားကျရသည့် ထူးချွန်ထက်မြက်သော လူချွန်လူကောင်း များဖြစ်ကြပါစေလို့ ဆုမွန် ကောင်းတောင်းခဲ့ပါသည်။ ဆက်လက်၍ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) နှင့် သမဝါယမပညာဌာန ပါမောက္ခဌာနမှူးတို့က ဆုံးမဩဝါဒစကားများ နှင့် မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားခဲ့ပါသည်။ ၎င်းနောက် မဟာတန်းပထမနှစ် ကျောင်းသူတစ်ဦးက မောင်မယ်သစ်လွင် ကျောင်းသား/ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး မောင်မယ်သစ်လွင် ကျောင်းသား/ ကျောင်းသူများကိုယ်စား ဒုတိယနှစ် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့ပြီး တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူး၍ ပထမပိုင်း အခမ်းအနား ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
ဒုတိယပိုင်း အစီအစဉ်အဖြစ် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ(အထူးပြု)မေဂျာ ဂုဏ်ဆောင်ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအား ဒုတိယ ပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) နှင့် သမဝါယမပညာဌာနမှ ပါမောက္ခ (ဌာနမှူး) တို့မှ ဂုဏ်ပြုမှတ်တမ်းနှင့်အတူ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြပီး အစီအစဉ်အရ King & Queen နှင့် PCA ရွေးချယ်ပွဲကို ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲဝင်များအား မိတ်ဆက်ပေးခဲ့ပြီး တက်ရောက်လာသူများ၏ မဲပေးရွေးချယ်မှုဖြင့် ဆုရရှိသူများကို ရွေးချယ်ခဲ့ ကြသည်။ ရွေးချယ်ခံရသည့် Fresher King၊ Fresher Queen၊ People Choice Boy နှင့် People Choice Girl တို့အား စလွယ်နှင့် အမှတ်တရလက်ဆောင်များကို ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် သမဝါယမပညာဌာနမှ ပါမောက္ခ (ဌာနမှူး) တို့က အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ယခင်နှစ် King, Queen နှင့် People Choice Award ရရှိသူများမှ စလွယ်နှင့် သရဖူများကို လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ ထို့နောက် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို နေ့လယ် ၂:၃၀ နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
|