UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ(အထူးပြု) ကျောင်းသား/ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ

Administration
23-July-2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ(အထူးပြု) ကျောင်းသား/ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ

ဇူလိုင် ၂၃ ၊၂၀၂၆ခုနှစ်

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၊ ဝါဏိဇ္ဇဗေဒဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ (အထူးပြု) ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို (၂၃-၇-၂၀၂၆)နေ့၊ နံနက် ၀၈:၀၀ နာရီတွင် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ အုပ်ချုပ်ရေးဌာနများ ဖြစ်သော စီမံခန့်ခွဲရေးဌာန၊ သင်တန်းရေးရာဌာန၊ သုတေသနနှင့်ဖွံဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ မော်ကွန်းထိန်း များ၊ ဆရာ၊ဆရာမများ နှင့် စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ(အထူးပြု)မေဂျာမှ ကျောင်းသား၊ ကျောင်းသူများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

          အခမ်းအနားကို စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာအထူးပြု ကျောင်းသား/ကျောင်းသူများမှ "မြတ်ဆရာ" သီချင်းဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများမှ ဆရာကြီး၊ ဆရာမကြီးများအား ဂါရဝပြုလက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြပါသည်။ ဆက်လက်၍ ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဈေးကွက်စီးပွားရေးစနစ်ကို အကောင် အထည်ဖော်နေသည့် မြန်မာနိုင်ငံတွင် MSME လုပ်ငန်းများနှင့်ကုမ္ပဏီများ တိုးတက်အောင်မြင် လာသည်နှင့်အမျှ စာရင်းကိုင်နှင့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ အခန်းကဏ္ဍသည် ပိုမိုအရေးပါလာကြောင်း၊ စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာရပ်သည် စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံ တကာရင်းနှီးမြှုပ်နှံမှုများ နှင့် နိုင်ငံတော်၏ ဘတ်ဂျက်ရေးဆွဲရာတွင် မရှိမဖြစ်လိုအပ်သည့် အခြေခံ အုတ်မြစ်ဖြစ်သဖြင့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကြိုးစားလေ့လာကြရန် တိုက်တွန်း ပါကြောင်း၊ ယခုဘာသာရပ်ကို တတ်မြောက်ပါက ကုမ္ပဏီများ၊ ဘဏ်များ၊ အစိုးရ အဖွဲ့အစည်း များ၊ NGO နှင့် INGO များ၊ Microfinance လုပ်ငန်းများတွင် အလုပ်အကိုင်ကောင်းများ ရရှိနိုင်သည့် အပြင် လက်မှတ်ရပြည်သူ့စာရင်းကိုင် (CPA) သင်တန်းသို့လည်း တိုက်ရိုက် တက်ရောက်ခွင့်ရရှိ မည်ဖြစ်သောကြောင့် ရည်မှန်းချက်ထားပြီး ဇွဲ၊လုံ့လ၊ဝီရိယအပြည့်နှင့် ကြိုးစားသွားကြရန်လို ကြောင်း၊ ဂါရဝဝေါစ နိဝါတောစ ပူဇော်ထိုက်သူများကို ပူဇော်ရသည့် အကျိုးအားကြောင့် အသက် ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ ဉာဏ်ပညာ ဘုန်းတန်ခိုး၊ ကောင်းကျိုးလိုရာဆန္ဒများနှင့် ပြည့်စုံကြပါစေကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် စာမေးပွဲများကို အခက်အခဲမရှိ အမှတ်ကောင်းကောင်းဖြင့် အောင်မြင်၍ ဘွဲ့ရရှိချိန်တွင် လစာကောင်းမွန်သော အလုပ်အကိုင် များရရှိပြီး နိုင်ငံတော်က အားထားရသည့် ထူးချွန်သော လူတော်လူကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ် (စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) နှင့် ဝါဏိဇ္ဇဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)တို့က မောင်မယ်သစ်လွင်များ အတွက် ကြိုဆိုနှုတ်ခွန်းဆက် သြဝါဒစကားများ ပြောကြားခဲ့ကြသည်။ ဆက်လက်၍ စာရင်းကိုင် နှင့် ဘဏ္ဍာရေးပညာ (အထူးပြု) စတုတ္ထနှစ် ကျောင်းသူတစ်ဦးမှ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဒုတိယနှစ်ကျောင်းသူတစ်ဦးမှလည်း ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြပြီး အစီအစဉ်အရ King & Queen, Prince, Princess, People Choice Award (Fourth Year) နှင့် Best In Catwalk ရွေးချယ်ပွဲကို ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲဝင်များအား မိတ်ဆက်ပေးခဲ့ပြီး တက်ရောက်လာသူများ၏ မဲပေးရွေးချယ်မှုဖြင့် ဆုရရှိသူများကို ရွေးချယ်ခဲ့ကြသည်။ ရွေးချယ်ခံ ရသည့် King & Queen, Prince, Princess, People Choice Award (Fourth Year) နှင့် Best In Catwalk တို့အား စလွယ်နှင့် အမှတ်တရလက်ဆောင်များကို ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)၊ စာရင်းအင်းပညာဌာန ပါမောက္ခ(ဌာနမှူး)၊  ဝါဏိဇ္ဇဗေဒဌာန မှ  ပါမောက္ခ(ဌာနမှူး)၊ ပါမောက္ခ တို့က အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ယခင်နှစ် King, Queen နှင့် Prince, Princess ရရှိသူများမှ စလွယ်နှင့် သရဖူများကို လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ ထို့နောက် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ကို နေ့လယ် (၂:၀၀) နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

    

 

 

 

 

 

 

 

 

 

 

 

 

No. First Image Title Uploaded Date Type
1 ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ(အထူးပြု) ကျောင်းသား/ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ 7/24/2026 4:23:29 AM News
2 စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ(အထူးပြု) ကျောင်းသား/ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ 7/23/2026 7:57:19 PM News
3 လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ(အထူးပြု)ကျောင်းသား/ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ 7/22/2026 7:26:38 PM News
4 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ(အထူးပြု)ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ 7/21/2026 4:14:10 AM News
5 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အသုံးချစာရင်းအင်းပညာ(အထူးပြု) ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ 7/21/2026 2:36:43 AM News
6 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲ ကျင်းပ 7/21/2026 2:35:20 AM News
7 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲ ကျင်းပ 7/21/2026 2:34:03 AM News
8 အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ် ဆွေးနွေးပို့ချခြင်း 7/15/2026 7:20:30 PM News
9 ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများ(မူ/လယ်/ထက်) ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာထောက်ပံ့ခြင်း အခမ်းအနားကျင်းပ 6/29/2026 4:04:31 AM News
10 MPA၊ MAR နှင့် MBA (4th Batch) သင်တန်းများ၏ Orientation Ceremony ကျင်းပခြင်း 6/29/2026 4:02:58 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing