|
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဘောလုံး အားကစားပြိုင်ပွဲ (စစ်ကိုင်းဇုံ)
ဩဂုတ်လ ၅ရက် ညနေ၄ နာရီ စစ်ကိုင်းမြို့၊ ပိုးတန်းအားကစားကွင်းတွင် ကျင်းပရာ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)နှင့် နည်းပညာ တက္ကသိုလ် (စစ်ကိုင်း) တို့ ယှဉ်ပြိုင် ကစားကြရာ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)အသင်းက ( ၂ :၀)ဂိုးဖြင့် အနိုင်ရရှိပါသည်။ အဆိုပါ အားကစားပြိုင်ပွဲကို သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)မှ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ သွားရောက် အားပေးခဲ့ကြကြောင်း သိရသည်။

|