UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) သက်ပြည့်ပင်စင်ခံစားမည့် ဒေါ်နွယ်နွယ်အောင်၊ ဒု - ဌာနမှူး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာရေးဌာနခွဲ(တွဲဖက်)၏ နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပ

Administration
25-August-2026

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
သက်ပြည့်ပင်စင်ခံစားမည့် ဒေါ်နွယ်နွယ်အောင်၊ ဒု - ဌာနမှူး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာရေးဌာနခွဲ(တွဲဖက်)၏ နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပ


ဩဂုတ် ၂၄၊ ၂၀၂၆
            သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) သက်ပြည့်ပင်စင်ခံစားမည့် ဒေါ်နွယ်နွယ်အောင်၊ ဒု -ဌာနမှူး၊ သုတေသနနှင့်ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာရေးဌာနခွဲ (တွဲဖက်)၏ နှုတ်ဆက်ပွဲအခမ်းအနားကို T-1 စာသင်ဆောင်ရှိ Conference Room တွင် ကျင်းပခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံ၊ သင်တန်း၊ သု/ဖွံ့ ဌာနတို့မှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)နှင့် ဒေါ်နွယ်နွယ်အောင်၊ ဒု-ဌာနမှူး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာဌာနခွဲ(တွဲဖက်)တို့ စုံစုံညီညီတက်ရောက်ကြသည်။ ထို့နောက် ပါမောက္ခချုပ်က နှုတ်ဆက်စကားပြောကြားရာတွင် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သက်ပြည့်ပင်စင် ခံစားသည်အထိ အပြစ်ပေးခံရခြင်းမရှိဘဲ တာဝန်ဝတ္တရားများကို ထမ်းဆောင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ပင်စင်ယူပြီး‌‌နောက်တွင်လည်းမိသားစုနှင့်အတူ ကျန်းမာပျော်ရွှင်စွာ နေထိုင်ပြီး လောကီ၊လောကုတ္တရာလုပ်ငန်းများကို ယခုထက်ပိုမို၍ ဆောင်ရွက်နိုင်‌ပါစေကြောင်း တက္ကသိုလ်မိသားစုကိုယ်စား ဆုတောင်းမေတ္တာပို့သကြောင်း‌ပြောကြားခဲ့ပါသည်။ အစီအစဉ်အရ ဒုတိယပါမောက္ခချုပ်များမှလည်း နှုတ်ဆက် အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပါမောက္ခချုပ်မှ တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်သည့် အမှတ်တရ အဖြစ် Crystal ဆုတံဆိပ် ပေးအပ်ခဲ့ပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများက အမှတ်တရ လက်ဆောင်များ အသီးသီးပေးအပ်ခဲ့ပါသည်။ ထို့နောက် သက်ပြည့် ပင်စင်ခံစားမည့် ဒေါ်နွယ်နွယ်အောင်၊ ဒု - ဌာနမှူး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာဌာနခွဲ (တွဲဖက်) မှလည်း တာဝန်ထမ်းဆောင်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံးများနှင့် နှုတ်ဆက် စကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

       

       

No. First Image Title Uploaded Date Type
1 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) သက်ပြည့်ပင်စင်ခံစားမည့် ဒေါ်နွယ်နွယ်အောင်၊ ဒု - ဌာနမှူး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာရေးဌာနခွဲ(တွဲဖက်)၏ နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပ 8/25/2026 3:35:09 AM News
2 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်းကျောင်းသား၊ကျောင်းသူများ၏ အထူးပြုဘာသာရပ် ရွေးချယ်ရေးဆိုင်ရာရှင်းလင်းပြောကြားသည့်အခမ်းအနား 8/24/2026 2:02:05 AM News
3 စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တက္ကသိုလ်ကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ ကျင်းပ 8/24/2026 1:28:40 AM News
4 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ 8/17/2026 2:10:52 AM News
5 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “Statistics Theory and Applications”သင်တန်း၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား 8/11/2026 11:18:37 PM News
6 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ဒုတိယဝန်ကြီး ဦးသိုက်စိုး လာရောက်ကြည့်ရှုစစ်ဆေးခြင်း 8/11/2026 4:01:51 AM News
7 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ သိကောင်းစရာများဆွေးနွေး 8/9/2026 9:20:44 PM News
8 စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဘောလုံး အားကစားပြိုင်ပွဲ (စစ်ကိုင်းဇုံ) 8/5/2026 10:20:08 PM News
9 အလုပ်အကိုင်အခွင့်အလမ်းများကို ဆွေးနွေး 8/5/2026 9:48:18 PM News
10 ၂၀၂၆ ခုနှစ်တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲ (စစ်ကိုင်းဇုန်)ကျင်းပ 8/4/2026 11:13:26 PM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing