UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) 2026 Job Fair အခမ်းအနားကျင်ပ

Administration
28-September-2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

2026 Job Fair အခမ်းအနားကျင်ပ


     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၄-၉-၂၀၂၆ ရက်နေ့၊ နံနက် (၉:၀၀) နာရီ၌ ၂၀၂၅ -၂၀၂၆ပညာသင်နှစ်၏ 2026 Job Fair အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမတွင် အစီအစဉ်(၂)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
       ပထမပိုင်းတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ Chairman of Myanmar Retailers Association Mandalay Region တို့က ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ 2026 Job Fair အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါသည်။
       ဆက်လက်၍ ဒုတိယပိုင်း အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ စီမံ၊ သင်တန်း၊ သုဖွံ့ဌာနများမှ (ဌာနမှူး)များ ၊သင်ကြားရေးဌာနများမှ ပါမောက္ခ (ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ Chairman of Myanmar Retailers Association Mandalay Region ၊ကုမ္ပဏီ (၂၄)ခုမှ HR Manager များ၊ ဧည့်သည်တော်များ၊ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။
      အခမ်းအနားတွင် ပါမောက္ခချုပ်က ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားသည် တက္ကသိုလ်နှင့် လုပ်ငန်းခွင်အကြား ချိတ်ဆက်မှုကို ပိုမိုခိုင်မာစေပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် အနာဂတ် အသက်မွေးဝမ်းကျောင်း လမ်းကြောင်းများကို ရှာဖွေ ဖော်ထုတ်ပေးနိုင်မည့် အရေးပါသော အခမ်းအနားတစ်ရပ်ဖြစ်ကြောင်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှာ အထူးပြုဘာသာရပ်(၅)ခု ဖြစ်သော Social Enterprise Management, Regional Development, Applied Statistics, Accounting & Finance, Marketing Management ဘာသာရပ်များဖြင့် Bachelor ဘွဲ့နှင့် Master ဘွဲ့များကိုပေးအပ် ချီးမြှင့်လျက်ရှိကြောင်း၊ ပါရဂူဘွဲ့ဖြစ်သော Ph.D in Business သင်တန်းကိုလည်း လာမည့်ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း HRD Online Program အနေဖြင့် ဘွဲ့နှင့်ဒီပလိုမာကိုလည်း ပေးအပ်ချီးမြှင့်လျက်ရှိကြောင်း၊ တက္ကသိုလ်ပညာရေး၏ အဓိကရည်ရွယ်ချက်မှာ ဘွဲ့တစ်ခုရရှိစေရန်သာ မဟုတ်ဘဲ ဘွဲ့ရရှိပြီးနောက် လုပ်ငန်းခွင်တွင် အမှန်တကယ် အသုံးချနိုင်မည့် အသိပညာများ၊ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများ ရရှိစေရန်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ Teamwork, Leadership, Communication Skills,Problem Solving Skills, Critical Thinking Skills, Digital Skills & English Language Skillsစသည့် လုပ်ငန်းခွင်အတွက် လိုအပ်သည့်ကျွမ်းကျင်မှုများကိုလည်း အစဉ်မပြတ် မြှင့်တင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးနိုင်မည်ဆိုသည့် အမြင်ဖြင့် ပြင်ဆင်ထားကြစေလို‌ကြောင်း၊ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယနေ့အခမ်းအနားမှ ရရှိသည့် အခွင့်အလမ်းများကို အပြည့်အဝအသုံးချပြီး မိမိတို့၏ အရည်အချင်း၊ စိတ်ဝင်စားမှုနှင့် သင့်လျော်သော အသက်မွေးဝမ်းကျောင်း လမ်းကြောင်းတစ်ခုကို ရှာဖွေရန်ကြိုးပမ်းကြစေလိုကြောင်း၊ လုပ်ငန်းခွင်တွင် ရေရှည်အောင်မြင်မှု ရရှိစေရန်အတွက် ပညာကို ဆက်လက်လေ့လာကြရန်၊ ကျွမ်းကျင်မှုကို ဆက်လက် မြှင့်တင်ကြရန်၊ အတွေ့အကြုံကိုရှာဖွေကြရန်၊ အခွင့်အလမ်းများကို မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်အောင် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း၊ တက္ကသိုလ်အနေဖြင့် လုပ်ငန်းခွင်လိုအပ်ချက်များနှင့် ကိုက်ညီ သည့် သင်ရိုးညွှန်းတမ်းများ၊ လက်တွေ့သင်ကြားရေးအစီအစဉ်များနှင့် Career Development Programmes ကို ပိုမိုအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊တက္ကသိုလ်မှ မွေးထုတ်ပေးသည့် လူ့စွမ်းအားအရင်းအမြစ်များသည် လုပ်ငန်းခွင်၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် တက္ကသိုလ်နှင့် လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးပါကြောင်း၊ Job Fair ကဲ့သို့သော လှုပ်ရှားမှုများအပြင် Internship, Industry Visit, Guest Lecture, Career Talk, Work-based Learning & Joint Training Programmeမျာကိုလည်း ပူးပေါင်း ဆောင်ရွက်နိုင်ပါက ကျောင်းသား၊ ကျောင်းသူများ၏ လုပ်ငန်းခွင် အဆင်သင့်ဖြစ်မှုကို ပိုမိုမြှင့်တင်နိုင်မည် ဖြစ်ကြောင်း၊ထို့ကြောင့် Job Fair တွင် ပါဝင်ပေးကြသည့် ဘဏ်၊ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများ၊ ဧည့်သည်တော်များ အားလုံးကို တက္ကသိုလ်ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ 
       ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များမှ မိမိတို့လုပ်ငန်း အကြောင်းအရာများကို အသီးသီး ရှင်းလင်းပြောကြားပြီး‌ ဘဏ်နှင့် ကုမ္ပဏီများမှ လစ်လပ်လျက်ရှိသော Marketing Manager, Marketing Supervisor, Business Development Manager, Business Development Supervisor, Accountant, Cashier, Sales Representative, Marketing Staff, Office Staff စသည်တို့ကိုလျှောက်ထားနိုင်ကြောင်း ဖိတ်ခေါခဲ့ပါသည်။ 2026 Job Fair အခမ်းအနားအတွက်ကုမ္ပဏီ(၂၅)ခုမှအလှူငွေများပေးအပ်သည်ကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ) တို့မှ လက်ခံခဲ့ကြပါသည်။ ထို့နောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ) တို့မှ  ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး မှတ်တမ်း ဓါတ်ပုံရိုက်ကူးပြီးနောက် နေ့လယ် (၁၂:၀၀) နာရီတွင် အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ ကုမ္ပဏီပြခန်းများကို ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုရင်း အလုပ်လျှောက်လွှာ ဖြည့်သွင်းခြင်းများ၊ အလုပ်အတွက်လူတွေ့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

       

       

       

No. First Image Title Uploaded Date Type
1 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ Project Paper Viva စစ်ဆေးခြင်း 9/28/2026 3:55:11 AM News
2 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) 2026 Job Fair အခမ်းအနားကျင်ပ 9/28/2026 2:19:24 AM News
3 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ပညာသင်နှစ်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တို့၏ အောင်စာရင်း ထုတ်ပြန်မည့်ရက်အား ကြေညာခြင်း 9/24/2026 3:38:13 AM News
4 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တက္ကသိုလ်အတွင်းဆောင်များသို့ Hall Visit သွားရောက်အားပေးခြင်း 9/14/2026 2:25:54 AM News
5 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) (၁/၂ဝ၂၆) ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ 9/14/2026 2:01:44 AM News
6 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း 8/27/2026 3:57:37 AM News
7 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) သက်ပြည့်ပင်စင်ခံစားမည့် ဒေါ်နွယ်နွယ်အောင်၊ ဒု - ဌာနမှူး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာရေးဌာနခွဲ(တွဲဖက်)၏ နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပ 8/25/2026 3:35:09 AM News
8 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်းကျောင်းသား၊ကျောင်းသူများ၏ အထူးပြုဘာသာရပ် ရွေးချယ်ရေးဆိုင်ရာရှင်းလင်းပြောကြားသည့်အခမ်းအနား 8/24/2026 2:02:05 AM News
9 စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တက္ကသိုလ်ကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ ကျင်းပ 8/24/2026 1:28:40 AM News
10 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ 8/17/2026 2:10:52 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing