|
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ Project Paper Viva စစ်ဆေးခြင်း
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူစာတမ်း Project Paper Viva စစ်ဆေးခြင်းကို ၂၅-၉-၂ဝ၂၆ မှ ၁-၁၀-၂၀၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အထူးပြု ဘာသာရပ်ကြီး(၅)ခု၏ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာမှ ကျောင်းသား၊ ကျောင်းသူ (၄၀)ဦး၊ အသုံးချစာရင်းအင်းပညာ အထူးပြုမေဂျာမှ ကျောင်းသား၊ ကျောင်းသူ(၇၁)ဦး၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ အထူးပြုမေဂျာမှ ကျောင်းသား၊ ကျောင်းသူ (၃၅)ဦး၊ စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ အထူးပြုမေဂျာမှ ကျောင်းသား၊ ကျောင်းသူ(၁၃၀)ဦးနှင့် ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာမှ ကျောင်းသား၊ ကျောင်းသူ(၉၂)ဦး စုစုပေါင်း (၃၆၈)ဦးတို့သည် သက်ဆိုင်ရာအထူးပြုဘာသာရပ်များ၏ သတ်မှတ်ပြဌာန်းချက်များအတိုင်း ဌာနများ၏ အစီအစဉ်ဖြင့် ဖြေဆိုခဲ့ကြပါသည်။ ကျောင်းသား၊ကျောင်းသူများ၏ တစ်ဦးချင်းအလိုက် လက်တွေ့လုပ်ငန်း လုပ်ဆောင်ရာတွင် အတွေ့အကြုံများနှင့် စွမ်းဆောင်ရည်များအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် လက်တွေ့ကွင်းဆင်း သုတေသနပြုစုမှုအပေါ် ဘွဲ့ယူစာတမ်းအဖြစ် တင်သွင်းရခြင်းဖြစ်ကြောင်း သိရှိရပါသည်။


|