UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ

Administration
21-January-2025

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၁၆.၁.၂၀၂၅) ရက်နေ့ နံနက်ပိုင်း (၉း၃၀) နာရီတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ပထမပိုင်းအစီအစဉ်ကို အဆိုပါတက္ကသိုလ်ရှိ ဘွဲနှင်းသဘင်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဦးဝင်းနိုင်ထွန်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ‌ဒေါက်တာဥမ္မာစံ၊ သင်ကြားရေးဌာန (၁၁)ဌာနမှ ပါမောက္ခ (ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ တက္ကသိုလ် ဂုဏ်ထူးဆောင် နာယက သုဓမ္မမဏိဇောတဓရ ဦးအောင်ကြီးနှင့်ဇနီး၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စစ်ကိုင်းမြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦး၊ ပညာရေးမိသားစုအသင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဉီးနှင့် ကျောင်းသား/ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။ 
အခမ်းအနားအစီအစဉ်အရ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ “သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်သည် အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေး စိတ်ဓာတ်ပြည့်ဝသော လူမှုစီးပွားရေးပညာတတ်များမွေးထုတ်ပေးသည့် တက္ကသိုလ်ဖြစ်ပြီး တက္ကသိုလ် အဆင့်နှင့်လျော်ညီသော ပညာရေးလှုပ်ရှားမှုများအား စနစ်တကျအောင်မြင်စွာ ဆောင်ရွက်သွားရန်၊ ပထမနှစ်သင်တန်းသို့ တက်ရောက်သင်ကြားနေသည့် မောင်မယ်သစ်လွင် ကျောင်းသား/သူများအား အမိတက္ကသိုလ်ကြီးမှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါကြောင်း၊ အစဉ်အလာကောင်း၊ ဝန်းကျင်ကောင်းများဖြင့် လှပသာယာနေသော အမိတက္ကသိုလ်ကြီးမှာ အသိပညာအတတ်ပညာများကို လေ့လာ ဆည်းပူးရင်း စိတ်ဓာတ်စည်းကမ်း ကောင်းမွန်ရန်၊ အချင်းချင်း ချစ်ခင်စည်းလုံး ရိုင်းပင်းကူညီကြရန်၊ အမိတက္ကသိုလ်၏ ဂုဏ်ကိုမြှင့်တင်ရင်း အများက အားထား၊အားကျရသော ဘွဲ့ရပညာတတ်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာစေရန်၊ နိုင်ငံတော်မှ အားကိုးအားထားရသော ဗလငါးတန်နှင့် ပြည့်စုံ၍ ထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများဖြစ်လာစေရန်နှင့် 21st Century Skills များဖြင့် ပြည့်စုံစေရန် လေ့လာဆည်းပူးမှတ်သားပြီး လက်တွေ့အသုံးချနိုင်ရန် ကြိုးစားစေလိုပါကြောင်း ’’  နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။ 
ဆက်လက်၍ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ် ဝင်ခွင့်ရရှိသူများမှ ထူးချွန်ကျောင်းသား/သူ(၃)ဦး နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်သင်တန်းမှ ထူးချွန်ကျောင်းသား/သူ (၃)ဉီးတို့အား ပညာရည်ချွန်ဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ 
 ဆက်လက်၍ မဟာတန်း တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသူတစ်ဦးမှ မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး  မောင်မယ်သစ်လွင်များကိုယ်စား ပထမနှစ် ကျောင်းသူူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များကို အကအလှများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြပြီးနောက် King နှင့် Queen ရွေးချယ် ယှဉ်ပြိုင်မှုတွင် ပါဝင်သည့် ပထမနှစ်မှ ကျောင်းသား၊ ကျောင်းသူတို့မှလည်း Performance များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ 
ထို့နောက် ကြွရောက်လာသော ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြ၍ ပထမပိုင်း အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

 

 

No. First Image Title Uploaded Date Type
1 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ပညာသင်နှစ်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တို့၏ အောင်စာရင်း ထုတ်ပြန်မည့်ရက်အား ကြေညာခြင်း 9/24/2026 3:38:13 AM News
2 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တက္ကသိုလ်အတွင်းဆောင်များသို့ Hall Visit သွားရောက်အားပေးခြင်း 9/14/2026 2:25:54 AM News
3 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) (၁/၂ဝ၂၆) ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ 9/14/2026 2:01:44 AM News
4 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း 8/27/2026 3:57:37 AM News
5 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) သက်ပြည့်ပင်စင်ခံစားမည့် ဒေါ်နွယ်နွယ်အောင်၊ ဒု - ဌာနမှူး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာရေးဌာနခွဲ(တွဲဖက်)၏ နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပ 8/25/2026 3:35:09 AM News
6 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်းကျောင်းသား၊ကျောင်းသူများ၏ အထူးပြုဘာသာရပ် ရွေးချယ်ရေးဆိုင်ရာရှင်းလင်းပြောကြားသည့်အခမ်းအနား 8/24/2026 2:02:05 AM News
7 စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တက္ကသိုလ်ကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ ကျင်းပ 8/24/2026 1:28:40 AM News
8 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ 8/17/2026 2:10:52 AM News
9 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “Statistics Theory and Applications”သင်တန်း၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား 8/11/2026 11:18:37 PM News
10 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ဒုတိယဝန်ကြီး ဦးသိုက်စိုး လာရောက်ကြည့်ရှုစစ်ဆေးခြင်း 8/11/2026 4:01:51 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing