UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၃) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ

Administration
12-February-2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၃) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ


10 Feb,2025

 

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၃)နှစ်မြောက် အထိမ်းအမှတ် ဂုဏ်ပြုသုတေသနစာတမ်းဖတ်ပွဲကို (၆.၂.၂၀၂၅)နေ့ နံနက်(၈:၃၀)နာရီအချိန်တွင် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါစာတမ်းဖတ်ပွဲသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊  သင်ကြားရေးရာဌာနများမှ ပါမောက္ခ (ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ စီမံခန့်ခွဲရေးဌာနများဖြစ်သော စီမံရေးရာဌာန၊ သင်တန်းရေးရာဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနများမှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ တာဝန်ရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြင်ပသဘာပတိများအဖြစ် တက္ကသိုလ်အသီးသီးမှ အငြိမ်းစား ပါမောက္ခချုပ်များ၊ ပါမောက္ခများက Video Conferencing ဖြင့် အသီးသီးတက်ရောက်ခဲ့ကြပါသည်။
ပါမောက္ခချုပ် ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် “ယနေ့စာတမ်းဖတ်ပွဲ Theme မှာ “Qualified Research for Brighter and Socio-economic Development” ဖြစ်ပြီး  ပြည်တွင်းပြည်ပတွင် အရည်အသွေးပြည့်ဝသော ဘာသာရပ်အကျိုးပြု၊ တက္ကသိုလ်အကျိုးပြု၊ ဒေသ အကျိုးပြု၊ နိုင်ငံအကျိုးပြုစာတမ်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည် ဖြစ်ပါ ကြောင်း၊ ယနေ့အခမ်းအနားတွင် ဒေသအကျိုးပြု စာတမ်း (၅)စောင်၊ တက္ကသိုလ်အကျိုးပြု (၁)စောင်၊ ဘာသာရပ်အကျိုးပြု(၇)စောင် စုစုပေါင်း(၁၃)စောင် ဖတ်ကြားမည်ဖြစ်ပါကြောင်း၊ စီးပွားရေးပညာရပ်များကို သင်ကြားပေးနေသည့် တက္ကသိုလ်ဖြစ်သည်နှင့်အညီ သုတေသနစာတမ်းများသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် သယ်ဆောင်သွားနိုင်သော အရည်အသွေးပြည့်ဝသော သုတေသနများ ပေါ် ထွက်လာစေရန် ဖြစ်ပါကြောင်း၊ Sunchon National University, Korea နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တို့ နားလည်မှုစာချွန်လွှာ (MoU) ကို  လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ မိမိကိုယ်တိုင်လည်း Sunchon National University နှင့် ICOFIS တို့ ပူးပေါင်းသည့် Joint Conference တွင် Causes of Aging and Low Birth Rate ခေါင်းစဉ်ဖြင့် စာတမ်း ဖတ်ကြားခဲ့ပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ (National Tomsk State University – TSU) ဖြင့် လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် အနာဂတ်တွင် ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု၊ စာတမ်းများ ရေးသားနိုင်သည်အထိ ကြိုးစားသွားကြပါရန်၊ အပြည်ပြည်ဆိုင်ရာ သုတေသန ဂျာနယ်များတွင် ရေးသား၍ International Publication ရနိုင်ရန် ကြိုးစားသွားကြဖို့ တိုက်တွန်းလိုကြောင်း၊ သုတေသနပြုလုပ်ခြင်းဖြင့် သက်ဆိုင်ရာဘာသာရပ်များတွင် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြား နိုင်ခြင်း၊ Critical Thinking, Analytical Skills စတဲ့ အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခါ တက္ကသိုလ်မှ သုတေသနဂျာနယ် Volume (7), No.1 အထိ ထုတ်ဝေပြီးစီးပြီ ဖြစ်ပါကြောင်း၊ အခမ်းအနား ကျင်းပနိုင်ရန် တာဝန်ယူဆောင်ရွက်သော တာဝန်ရှိသူများ၊ တက်ရောက် ပေးကြပါသော ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား/ကျောင်းသူများ အားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်း" ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စာတမ်းရှင်များမှ တက္ကသိုလ်အကျိုးပြုစာတမ်း (၁)စောင်၊ ဘာသာရပ်အကျိုး ပြုစာတမ်း(၇)စောင်နှင့် ဒေသဆိုင်ရာအကျိုးပြု စာတမ်း(၅)စောင်ဖြင့် စုစုပေါင်း စာတမ်း(၁၃)စောင်အား ဖတ်ကြားတင်သွင်းခဲ့ကြသည်။
ထို့နောက် သဘာပတိများနှင့် စာတမ်းရှင်များကို ဂုဏ်ပြု မှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးကာ သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ညနေ (၁၇း၀၀)နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

 


No. First Image Title Uploaded Date Type
1 တိလောကမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား၏ (၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပူဇော်ပွဲ နှင့် (၁၄)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲ အခမ်းအနားကျင်းပ 2/5/2026 1:30:05 AM News
2 လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ - Youth Peace Forum 2026 သို့တက်ရောက်ခဲ့သည့် အတွေ့အကြုံများအား ပြန်လည်ရှင်းလင်းခြင်း 2/5/2026 1:28:16 AM News
3 2026 Youth Peace Forum သို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မှ ကိုယ်စားပြု ကျောင်းသား၊ကျောင်းသူ (၂)ဦး တက်ရောက် 2/5/2026 1:26:32 AM News
4 Intellectual Talk အစီအစဉ်အဖြစ် Data Analysis ဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ 2/5/2026 1:25:03 AM News
5 ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ 2/5/2026 1:23:32 AM News
6 တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ 2/5/2026 1:21:49 AM News
7 လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု HRD Programme များဖြစ်ကြသည့် MDevS နှင့် MFM (First Batch) online programme တို့၏ Orientation Ceremony ဖွင့်ပွဲအခမ်းအနားကျင်းပ 2/5/2026 1:20:00 AM News
8 လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်း fourth Batch အတွက် သင်တန်းသားများ ခေါ်ယူခြင်း 1/10/2026 10:19:47 AM News
9 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ မုံရွာစီးပွားရေးတက္ကသိုလ် ၏ တက္ကသိုလ် (၂၇)နှစ်ပြည့်အထိမ်းအမှတ် ပထမအကြိမ် နိုင်ငံတကာ သုတေသနညီလာခံတွင် စာတမ်းရှင်(၃)ဦးမှ သုတေသနစာတမ်းများ တင်သွင်းဖတ်ကြားခြင်း 1/8/2026 2:22:17 AM News
10 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ 1/8/2026 2:18:45 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing