28 Apr,2025
၂၀၂၅၊ ဧပြီ ၂၀ ရက်
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ (၂၀.၄.၂၀၂၅)ရက်နေ့ နံနက်ပိုင်း တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများမှ (၂၈.၃.၂၀၂၅)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် ငလျင်ဒဏ်သင့် ထိခိုက်ခဲ့သည့် တက္ကသိုလ်အဆောက်အဦများ ရှင်းလင်းပြီးစီးမှုအခြေအနေများကို လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီးကျောင်းများ အချိန်မီဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ပါမောက္ခချုပ်ဆရာမကြီး ဦးဆောင်သည့် တက္ကသိုလ်၏တာဝန်ရှိသူများက တက္ကသိုလ်၏လက်ရှိအခြေအနေများနှင့် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။